Friday 20 July 2012

မိမိကြိုက်တဲ့စာလေးတွေEBOOKနဲ့သိမ်းထားချင်ရင်

ရွှေဥယျာဉ်သူငယ်ချင်းအားလုံးမင်္ဂလာခင်ဗျာ
တူလေးလည်းရွှေဥယျာဉ်ထဲမရောက်ဖြစ်တာတော်တော်လေးကြာပြီဗျာ
အခုရွှေထဲဝင်လိုက်တော့ပြိုင်ပွဲတွေဝေစာနေလို့တူးလေးလည်းတစ်ပွဲလောက်နွဲကြည့်ချင်တာနဲ့ဒီပို့စ်လေးနဲ့
ဝင်ပြိုင်လို့နွဲလိုက်ပါ၏
အခုတူးလေးရေးချင်တဲ့အကြောင်းအရာလေးကတော့ဗျာသူငယ်ချင်းတို့တွေအခုလိုမျိုးနည်းပညာတွေ
ကဗျာ.၀တ္ထုတွေ.ဆောင်းပါးစသည့်မိမိနှစ်သက်တဲ့စာတွေကို PDF(of) EBOOK
ကူးယူပြီးသိမ်းစည်းထားချင်ရင်ပေါ့ဗျာ.ကိုယ်ကိုယ်တိုင်ကလည်းစာရေးဝါသနာပါလို့ကိုယ်ရေးတဲ့စာလေးတွေ
EBOOK လုပ်ပြီးသိမ်းစည်းထားရင်ပေါ့.အဲဒါလေးကိုမသိသေးသူများဘယ်လိုလုပ်ရမယ်ဆိုတာလေးပေါ့
(၁)မိမိနှစ်သက်တဲ့စာများတွေ့ရင် copy ကူးယူးလိုက်ပါ ကူးပြီးရင်တော့ mail.box ကိုထည့်လိုက်ပါ
နောက်ပြီး To နေရာမှာကိုယ့်အကောင့်ကိုပဲထည့်လိုက်ပါ နောက်ထပ် Send လုပ်လိုက်ပါ


(၂) ကိုယ့်အကောင့်ထဲကိုပြန်ပို့လိုက်ရင် me ဆိုပြီးအခုလိုလေးရောက်လာမှာပါ
မေးကိုဖေါက်လိုက်ပေါ့


(၃)မေးကိုဖေါက်ဖွင့်ပြီးပါက More မှာကလစ်နှိပ်လိုက်ပါ ပြီးရင်
Create a document မှာဆက်ကလစ်နှိပ်လိုက်ပါ..နောက်စာမျက်နှာတစ်ခုပြောင်းသွားပါ့မယ်


(၄)အခုလိုမျိုးလေးတွေ့ရပါ့မယ် ဒါဆိုရင် File ဆိုတဲ့နေရာမှာကလစ်ပြီးအောက်ကိုသွားလိုက်ပါ
အဲအထဲကနေ Download as နေရာမှာ မျှာလေးတင်လိုက်ရင် ပုံမှာမြင်ရတဲ့အတိုင်းမိမိသိမ်းထားချင်တဲ့အမျိုးအစားကိုရွေးကလစ်လိုက်ပါ
အများဆုံးတော့PDF ကိုပဲသုံးကြတာပေါ့နော် PDF မှာပဲကလစ်နှိပ်လိုက်ပါနော်
(ODT . RTF .Word) အဲသုံးခုကတော့ကျနော်လုပ်ကြည့်တာတော့Mircosoft Office ကြီးပါပဲ


(၅)အခုလိုမျိုးလေးပေါ်လာရင် save file မှာအမှတ်ပေးပြီး ok လုပ်လိုက်ပါ ဒါဆိုရင်
PDF ဖိုင်လေးမိမိစက်ထဲမှာရောက်သွားပါပြီ


ဒါလေးတွေကတော့ကျနော်ဒေါင်းပြီးသိမ်းထားပုံလေးပါ

PDF နဲ့သိမ်ထားပုံပါ
Mircosoft Office နဲ့သိမ်းထားပုံပါ



zip ဖိုင်နဲ့သိမ်းထားပုံပါ


ကဲရွှေဥယျာဉ်သူငယ်ချင်းအားလုံးထာဝရပျော်ရွှင်နိုင်ကြပါစေ
တူးလေး
အစဉ်မပြေတာများရှိခဲ့ရင်လည်းတောင်းပန်ပါတယ်

ဟာသ။။။။

ပိုင်နက်

အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက်ဟာ သူ့ယောက်ျား အလုပ်သွားချိန်မှာ တခြား အမျိုးသားတစ်ယောက်နဲ့ အချိန်းအဆက် လုပ်နေပါတယ်။ တစ်နေ့ သူတို့နှစ်ယောက်သား အိပ်ခန်းထဲမှာ ကြိတ်ပုန်းခုပ် နေကြတုန်း သားဖြစ်သူ ၁၃ နှစ်သားဟာ သူတို့ကို တွေ့သွားပြီး အခန်းထဲက ဘီရိုမှာ ဝင်ပုန်းနေခဲ့ပါတယ်။ သိပ်မကြာပါဘူး အမျိုးသားက အိမ်ပြန်ရောက်လာတော့ ဖောက်ပြန်တဲ့ မိန်းမဟာ သူ့ချစ်သူကို သူ့သား ပုန်းနေတဲ့ ဘီရိုထဲမှာ ဖွက်ပါတယ်။ အထဲမှာ သူ့သား ရှိတာကိုလဲ မသိဘူးပေါ့။ ဒီလူ ဗီရိုထဲဝင်လာတော့….
ကောင်လေးက စပြီး …….
“ဒီအထဲမှာ မှောင်တယ်ဗျနော်…”
“အေးကွ”
“ကျွန်တော့မှာ ဘေ့စ်ဘောလုံးတစ်လုံးရှိတယ် ဗျ”
“သြော်.. အေး.. ကောင်းတာပေါ့ကွာ”
“အဲဒီဘောလုံးကို ကျွန်တော် ပြန်ရောင်းမလို့။
ခင်ဗျားဝယ်မလား ”
“မဝယ်ချင်ပါဘူးကွာ။ ငါမှ မကစားတတ်တာ”
“အဖေ အပြင်မှာ ရှိတယ်နော်…
ခင်ဗျား သဘောပေါက်တယ် မဟုတ်လား”
“သြော်… အေး… အေး… အေးပါကွာ။ ကဲ မင်း ဘောလုံးက
ဘယ်လောက်မို့လို့လဲ”
“ဒေါ်လာ ၂၅၀”
“အမေလေး… များလိုက်တာကွာ”
“အပြင်မှာ……”
“ကဲ.. ကဲ.. ပေးပေး.. ရော့ ၂၅၀”
နောက် သုံးပတ်လောက်နေတော့ အဲဒီလို ဖြစ်ရပ်မျိုး နောက်တစ်ခါ ထပ်ဖြစ်ပါတယ်။
ကောင်လေးကလဲ အခန်းဘီရိုထဲမှာ ဝင်ပုန်းနေပြီး သူ့အမေကလဲ သူ့ချစ်သူကို ဘီရိုထဲကို ဝှက်ပြန်ပါတယ်။
“ဒီအထဲမှာ မှောင်တယ်ဗျ နော်…”
“အာ…. အေး… အေးကွ”
“ကျွန်တော်မှာ ဘေ့စ်ဘော လက်အိတ်တစ်စုံ ရှိသေးတယ်ဗျ”
ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ဘောလုံးတစ်လုံးကို ဒေါ်လာ ၂၅၀ နဲ့ ဝယ်လိုက်ရတဲ့
သူ့အဖြစ်ကို သူပြန်တွေး သဘောပေါက်မိပြီး စိတ်မရှည်စွာနဲ့ ………
“ကဲ.. ကဲ.. အခုတစ်ခေါက် ငါဘယ်လောက် ပေးရမှာလဲ”
“ဒေါ်လာ ၇၅၀”
“အိုကေလေ…..”
နောက်တစ်ရက် နှစ်ရက်လောက်နေတော့ အဖေက သားကို ဘေ့စ်ဘောကစားဖို့
ဘောလုံးနဲ့ လက်အိတ် သွားအယူ ခိုင်းပါတယ်။
“အဖေ…. အဲဒီနှစ်ခုလုံးအိမ်မှာ မရှိတော့ဘူး။ သားရောင်းလိုက်ပြီ”
“ဘာ.. ဘယ်လို… ဘယ်လောက်ရလို့မို့ မင်းကရောင်းလိုက်တာလဲ”
“ဒေါ်လာ ၁၀၀၀ နဲ့ အဖေ”
“အိုးးး များလိုက်တာ သားရယ်….. ဒီပစ္စည်းတွေက ဒီလောက်မှ မတန်တာပဲ။
မင်းကဒါသူများကို သက်သက် လူလည်ကျသလို ဖြစ်သွားတာပေါ့။
ဒါအပြစ်ဖြစ်တယ်ကွ…
မဖြစ်ဘူး… မဖြစ်ဘူး… မင်းကို ဘုရားကျောင်း ခေါ်သွားရမယ်။
မင်း အပြစ်တွေကို ဘုန်းတော်ကြီး ဆီသွားပြီး အာပတ်ဖြေရမယ် ”
ဒီလိုနဲ့ သားအဖနှစ်ယောက် ဘုရားကျောင်းကို ရောက်လာကြတာပေါ့…
အဖေကသားကို
အာပတ်ဖြေဖို့ အခန်းလေးထဲက ခုံမှာ ထိုင်ခိုင်းပြီး တံခါးကို ပိတ်လိုက်ပြီး သူကအပြင်မှာ စောင့်နေတယ်။
အခန်းထဲမှာ ထိုင်နေတုန်း ကောင်းလေးက …
“ဒီအထဲမှာ မှောင်တယ်ဗျ နော်” လို့ ဆိုလိုက်တော့…
အာပတ်ဖြေပေးဖို့ စောင့်နေတဲ့ ဘုန်းတော်ကြီးက…
ခွေးကောင်လေး… ဒါ ငါ့ပိုင်နက်ကွ… ဒီတစ်ချီတော့ မင်း.. ငါ့ကို ဒီအချိုးမျိုး လာချိုးလို့ မရတော့ဘူး” တဲ့


လျှို့ဝှက်ချက်

တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည်နေ့ကို ကျင်းပကြပါတယ်။ သူတို့စုံတွဲဟာ အိမ်ထောင်သက် ၂၅နှစ် အတွင်းမှာ တခါမှ ကတောက်ကဆ မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာက ဒီလို ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို မေးမြန်း ဖော်ထုတ်ဖို့ အစီအစဉ် တစ်ခု လုပ်လိုက်ပါတယ်။
အယ်ဒီတာ ။ ။ ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလို အိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက် ခဲ့ကြပါသလဲ ခင်ဗျာ?
ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်း ပြောပါတယ်။
“ကျွန်တော်တို့တွေ Honeymoon အတွက် ရှီမလာ (Shimla) ကို သွားခဲ့ကြပါတယ်။ အဲဒီမှာ မြင်းစီးသွားမယ် ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော့် မြင်းက စီးရတာ အဆင်ပြေပေမယ့် ကျွန်တော့်မိန်းမ စီးတဲ့ မြင်းကတော့ နည်းနည်း ရိုင်းပုံ ရတယ်ဗျ။ လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်းက ရုတ်တရက် ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီး ပြုတ်ကျ ပါလေရော။ ဒါပေမယ့် ကျွန်တော့မိန်းမက မြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ ကျောကုန်းလေးကို အသာလေး ပွတ်ပေးရင်းနဲ့ မြင်းကို “ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော်” လို့ ပြောပါတယ်။ ပြောပြီးတော့ သူလည်း မြင်းကျောပေါ် ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။
ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမက တည်တည်ငြိမ်ငြိမ်နဲ့ စောနားကလိုပဲ “ဒါ မင်းရဲ့ ဒုတိယအကြိမ်နော်” လို့ပြောပြီး ဆက်သွား ကြပြန်ပါတယ်။ တတိယ အကြိမ်မြောက် မြင်းက ခါချတဲ့ အခါမှာတော့ ကျွန်တော့် မိန်းမက ဘာမှမပြောဘဲ ခြောက်လုံးပြူး သေနတ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး မြင်းကို အသေ ပစ်သတ် လိုက်ပါလေရောဗျာ။
ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့…
“မင်း ဘယ်လိုလုပ်လိုက်တာလည်းကွ။ သနားစရာ ကောင်းတဲ့ တိရိစ္ဆာန်လေးကို မင်းသတ်ပစ်လိုက်ပြီ။ မင်း ရူးနေလား” လိုအော်လိုက်မိတယ်။
အဲဒီအခါ ကျွန်တော့်မိန်းမက ကျွန်တော့်ကို အေးစက်စက် ပြန်ကြည့်ပြီး နူးညံ့တဲ့ လေသံလေးနဲ့ ဘာပြောလဲဆိုတော့……………
“ဒါ ရှင့်ရဲ့ပထမဆုံး အကြိမ်နော်…” တဲ့။
အဲဒီအချိန်ကစပြီး ကျွန်တော်တို့တွေ ဘာပြဿနာမှ မရှိဘဲ နှစ်ယောက် အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာ ပါပဲဗျာ”

Friday 13 July 2012

Advanced Uninstaller PRO 10.5.6




ကျွန်တော်အခု ဒီတစ်ခါ Advanced Uninstaller PRO Version လေးတင်ပေးလိုက်ပါတယ်။ PRO ဆိုမှတော့ တော်ရုံတန်ရုံမဟုတ်လို့ပေါ့ဗျာ။ ဒီကောင်လေးက ကျွန်တော်တို့ရဲ့ applications တွေနဲ့ programs လေးတွေကို အလွယ်ကူဆုံး Uninstall လုပ်ပေးနိုင်ပါတယ်။ Control Panel ကနေဝင်ဖြုတ်နေရတာထက် စာရင်တော့ ပိုမြန်ပါတယ်။ ကျွန်တော်အောက်မှာ သူ့အတွက် Features လေးတွေ ကိုအသေးစိတ် ရှင်းပြပေးထားပါတယ်။ ကြည့်ကြည့်လိုက်ပါဗျာ။

ကျွန်တော် ဒီကောင်လေးမှာပါတဲ့ Features လေးတွေကို အသေးစိတ် ရှင်းပြပေးပါ့မယ်။ ပထမဆုံး General tools လေးမှာဆိုရင် Uninstall Program, Installation Monitor, StartUp Manager, Window Service,Quick Cleaner , Start Menu Cleaner, Start Menu Item Manager , Font Manager, Control Panel Manager နဲ့ Web Tools ဆိုပြီး Tools လေးတွေတော်တော်များများပါဝင်ပါတယ်။ အဲ့ဒါဆိုရင် ပထမဆုံး Uninstall Program မှာဆိုရင် Uninstall Program မှာ မပါတဲ့ applications တွေနဲ့ programs  လေးတွေကိုပါဖြုတ်ပေးနိုင်ပါတယ်။ နောက်တစ်ခုက Installation Monitor ပေါ့ဗျာ။ အဲ့ဒီမှာဆိုရင် Monitor installation,Uninstall Monitored application နဲ့ Restore Monitored application ဆိုပြီး Tools လေးသုံးခုပါပါတယ်။ နာက်တစ်ခုက StartUp Manager ပါ။ ဒီကောင်လေးမှာတော့ ကျွန်တော်တို့ System Configuration ကိုဖွင့်စရာမလိုပဲနဲ့ ဒီအထဲမှာတင်တစ်ခါတည်း မိမိတို့ ဝင်းဒိုးတက်တဲ့အချိန်မှာ မတက်စေချင်တဲ့ Program တွေနဲ့ Application လေးတွေကို ပိတ်ပေးထားနိုင်မှာဖြစ်ပါတယ်။ Window Service မှာလည်းအတူတူပါပဲ ။ System Configuration ကိုဖွင့်စရာမလိုတော့ဘူးပေါ့ဗျာ။
နောက်ထပ်ထူးခြားတဲ့ အချက်ကလေးကQuick Cleaner လေးပါလာတာပါပဲ ။ ဒီကောင်လေးက ကျွန်တော်တို့ အသုံးပြုနေတဲ့ Web Browsersတွေရဲ့ History တွေ Cookies တွေ Temporary files တွေ စတဲ့ ကောင်လေးတွေအပြင် Other application တွေကနေပြီးဖြစ်လာတဲ့ Temp, Recent , History တွေ နဲ့ Log ဖိုင်တွေစတဲ့ ကောင်လေးတွေကအစရှင်းပေးနိုင်ပါတယ်။  Start Menu Cleaner ကတော့ Invaild ဖြစ်နေတဲ့ Shortcuts တွေ Folders တွေကိုရှင်းပေးနိုင်ပါတယ် ။ Start Menu Item Manager မှာတော့ဖြုတ်လိုတာဖြုတ်ဖျောက်ချင်တာသာဖျောက်ထားလိုက်ပါဗျာ။ နောက်တစ်ခုတော့ Font Manager တဲ့ မလိုချင်တဲ့ Font တွေကို Disable သာပေးထားလိုက်ပါဗျာ။ ဒီတစ်ခါ Control Panel Manager တဲ့ ၊ ဒီမှာလည်းဒီလိုပဲဗျ မမြင်ချင်တဲ့ ဟာတွေမှန်သမျှ Disable သာပေးထားလိုက်ဗျာ။
နောက်ဆုံးတစ်ခုဖြစ်တဲ့ Web Tools မှာဆိုရင်တော့ မိမိတို့ရဲ့ Error တွေ၊ တခြားUninstaller တွေကိုဖေါ်ပြပေးထားတဲ့ ဆိုဒ်တွေရောက်သွားလိမ့်မယ်။နောက်ထပ်ပါတဲ့ Tools တွေကတော့ Files & Folders tools, Internet Browser Tools, Registry tools နဲ့ Report & Extra Tools ဆိုပြီးပါဝင်ပါတယ်။ ကျွန်တော်အသေးစိတ်တော့ထပ်ပြီးမပြောတော့ပါဘူး၊ အကြမ်းဖျင်းပဲပြော ပါမယ်။
Files & Folders tools မှာဆိုရင် Dublicate files တွေ Window Temporary Files တွေကို ရှင်းလင်းပေးပါတယ်။ Internet Browser Tools မှာဆိုရင် Firefox, Internet Explorer နဲ့ Google Chrome ဆိုတဲ့ Browsers သုံးမျိုးရဲ့ Temporary Internet Files တွေ Cookie Manager တွေနဲ့ History တွေကို ရှင်းလင်းပေးနိုင်ပါတယ်။ Registry tools မှာဆိုရင် Registry Cleaner , Registry Optimizer နဲ့ Registry Backup &Restoreဆိုပြီး Tools လေးသုံးမျိုးပါဝင်ပါတယ်။ Report & Extra Tools မှာဆိုရင်တော့ ကျွန်တော်တို့ရဲ့ စက်ထဲမှာရှိတဲ့ Programs တွေ Fonts တွေ Startup Programs တွေနဲ့Window Service တွေ ကို မိမိတို့ အသုံးပြုနေတဲ့ Web Browser လေးတစ်ခုနဲ့ တက်ပြီး ပြပေးပါတယ်။ နောက်ဆုံး General Setting မှာဆိုရင်တော့ဒီကောင်လေးရဲ့ Themes လေးတွေပြောင်းတာ အသံလေးတွေပြောင်းတာကအစ မိမိတို့ စိတ်ကြိုက်ပြုပြင်လို့ရပါတယ်။ 
Patch ဖိုင်လေးကို Install လုပ်ထားတဲ့ ဖိုလ်ဒါလေးထဲကို ကူးထည့်ပေးလိုက်ရင် Full Version ဖြစ်ပါပြီ။ ဖိုင်ဆိုဒ် ကတော့  21.77 MB ရှိပါတယ်။ အောက်မှာ ကျွန်တော် နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့် လေးကနေသာယူသွားလိုက်ပါဗျာ။
Advanced Uninstaller PRO 10.5.3






ကျွန်တော် အခု Software တွေကို Unistall လုပ်တဲ့ အခါမှာ ကျွန်တော် အမြဲသုံးနေကျ Revo Unstaller Update လေး တင်ပေးလိုက်ပါတယ် .. ကျွန်တော်တို့ ဆော့ဝဲလ်တွေကို ဖြုတ်တဲ့ အခါမှာ ပုံမှန်အတိုင်း Control Panel ထဲက သွားပြီး ဖြုတ်နေတာထက်စာရင် အခုလို Uninstaller Tool တစ်ခုခု သုံးပြီး ဖြုတ်တာက ပိုပြီးတော့ Error ကင်းသလို အဆင်ပြေစေပါတယ် .. ကျွန်တော်က ဘယ်ဆော့ဝဲ ဖြုတ်ဖြုတ် ဒီကောင်လေးပဲ သုံးပါတယ် .. သူ့ကို Full Version လေး သုံးလို့ရအောင် အထဲမှာ Patch File လေးပါ ထည့်ပေးထားပါတယ် .. လိုအပ်တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 




အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

သြကာသ ကန်တော့ချိုးမှ သိမှတ်ဖွယ်ရာ

သကာသ ကန်တော့ချိုးမှ သိမှတ်ဖွယ်ရာရာ

“သြကာသ” ဟူသည်မှာ “ရှိခိုးပါရစေ၊ ခွင့်ပြုတော်မူပါ” ဟုဆိုသောစကား။ ပိုမိုလေးနက်စေရန် သုံးကြိမ်ရွတ်ဆိုသည်။

ကံသုံးပါးဟူသည်မှာ ကိုယ်ဖြင့် ပြုအပ်သော အမှု “ကာယကံ”၊ နှုတ်ဖြင့် ပြုအပ်သော အမှု “မနောကံ” နှင့် စိတ်ဖြင့်ပြုအပ်သော အမှု “၀စီကံ” ဟူသတည်း။

အပါယ်ဟူသည်မှာ “အပါယ” ဟူသော ပါဠိမှ ဆင်းသက်သည်။ အပါယ်လေးပါးဟူသည်ကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသတတ်။

ကပ်သုံးပါးဆိုသည်မှာ

(၁) သတ္တန္တရကပ် - တုတ်၊ ဓား၊ သေနတ်စသော လက်နက်အားဖြင့် ပျက်စီးရသော ခောတ်ကာလ။
(၂) ရောဂန္တရကပ် - ကျောက်ရောဂါ၊ ၀မ်းရောဂါစသော ရောဂါအားဖြင့် သေကြေပျက်စီးရသော ခောတ်။
(၃) ဒုဗ္ဘိက္ခန္တရကပ် - ငတ်မွတ်ခေါင်းပါး အစာရှား၍ သေကြေပျက်စီးရသော ခောတ်။

ရပ်ပြစ်ရှစ်ပါးဟူသည်ကား

၁-၂-၃။ ဘုရားပွင့်တော်မူနေစဉ် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ(အသူရကာယ်ကား ပြိတ္တာဘုံတွင် ထည့်ရေသည်) ဟူသော အပါယ်ဘုံ၌ ဖြစ်ရခြင်း။
၎။ ဘုရားရှင်ပွင့်တော်မူစဉ် အသက်ရှည်သော အသညသတ်ဘုံနှင့် အရူပဘုံ၌ ဖြစ်နေရခြင်း (အသညသတ်ဗြဟ္မာများသည် ရုပ်ခန္ဓာသာရှိ၍ စိတ်ဝိညာဉ်မရှိ၊ အရူပဗြဟ္မာများသည် စိတ်ဝိညာဉ်သာရှိ၍ ရုပ်မရှိ၊ ထို့ကြောင့် သူတို့သည် ဘုရားကိုလည်း မဖူးနိုင် တရားကိုလည်း မနာနိုင်ကြပေ)
၅။ ပစ္စန္တရစ်ခေါ်သော ပြည်နယ်စွန်းများနှင့် လူရိုင်းများ၏ အရပ်ဒေသ၌ ဖြစ်နေရခြင်း။
၆။ ဘုရားရှင်ပွင့်တော်မူနေစဉ် မိစ္ဆာဒိဌိဖြစ်နေရခြင်း။
၇။ ဘုရားရှင်ပွင့်တော်မူနေစဉ် တရားကို သိနိုင်လောက်သည့် ဥာဏ်မရှိဘဲ ထူထူ အအ ဖြစ်နေရခြင်း။
၈။ မဇ္ဈိမဒေသ၀ယ် တတ်သိနားလည်သည့် ဥာဏ်ရှိသူဖြစ်သော်လည်း ဘုရားမပွင့်သောအခါ၌ လူဖြစ်ရခြင်း။

ရန်သူမျိုးငါးပါးဆိုသည်ကား ရေ၊ မီး၊ သူခိုး၊ အမွေခံသားးဆိုးသမီးဆိုးနှင့် မင်းဆိုးတို့တည်း။

ဝိပတ္တိတရားလေးပါးဆိုသည်ကား
(၁) ကာလ၀ိပတ္တိ - မင်းဆိုး မင်းယုတ် အုပ်ချုပ်သော ကာလ။
(၂) ဂတိဝိပတ္တိ - အပါယ်လေးပါး၌ လားရောက်ရခြင်း။
(၃) ဥပဓိဝိပတ္တိ - ရုပ်ဆင်းအင်္ဂါ ဟူသော ဥပဓိ ချို့တဲ့ခြင်း။
(၄) ပယောဂ၀ိပတ္တိ- (ပြုလုပ်မှု၊ ပြောဆိုမှု၊ ကြံစည်မှုကို ပယောဂ ဟုခေါ်သည်) ယင်းပယောဂ၏ ချို့တဲ့ခြင်း။

ဗျသနတရားငါးပါးဆိုသည်ကား

(၁) ဥာတိဗျသန - ဆွေစုမျိုးစု ပျက်စီးခြင်း။
(၂) ဘောဂဗျသန - စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
(၃) ရောဂဗျသန - အနာရောဂါဟူသော ပျက်စီးခြင်း။
(၄) သီလဗျသန - ကိုယ်ကျင့်သီလ ပျက်စီးခြင်း။
(၅) ဒိဌိဗျသန - အယူပျက်စီးခြင်း

မဂ်တရား
(၁) သောတာပတ္တိမဂ်
(၂) သကဒါဂါမိမဂ်
(၃) အနာဂါမိမဂ်
(၄) အရဟတ္တမဂ်

ဖိုလ်တရား
(၁) သောတာပတ္တိဖိုလ်
(၂) သကဒါဂါဖိုလ်
(၃) အနာဂါမိဖိုလ်
(၄) အရဟတ္တဖိုလ်

နိဗ္ဗာန်ဟူသည်မှာ ရုပ်၊ နာမ်တို့၏ ဖြစ်မှုပျက်မှုအားလုံး ချုပ်ပျက်ဆိတ်သုဉ်း ကင်းငြိမ်းခြင်း ပင်ဖြစ်သည်။

Nero 8 all Version Full Free Download Software+More Serial



အရင်ပို့မှာ အလိုရှိနေတဲ့ သူငယ်ချင်းရော တခြားသူတွေပါလိုအပ်ရင် အလွယ် ရှာတွေနိုင်ဖို့ Nero8ကိုမျှဝေပေးလိုက်ပါတယ်...Nero ကတော့ ခုဆို Version 11ထိရောက်နေပါပြီ... ဒါပေမဲ့ တော်တော်များများနဲ့ ရင်းနှီးနေတာကတော့ Version8 ပါ... ကျတော်အရင်ကလည်း သူ့ရဲ့Version 11ကိုတင်ပေးပြီးသားပါ... ခုမှ Version8ကိုတင်ပေးရတာကတော့ တောင်းထားသူရှိတာရယ်...ပြီးတော့ လက်ရှိ၃နေတဲ့သူတွေ အတွက် Updateလုပ်နိုင်ဖို့ သူ့အတွက် Serialကီးတွေကို ရှာတွေ့သမျှ ပြန်လည်မျှဝေလိုက်တာပါ... ကျတော်ဆီမှာရှာတွေ့ထားတဲ့ Nero 8အတွက်ကီးတွေကတော့ ၃၀နီးပါးရှိပါတယ်... ကျတော်၃သမျှတော့ မကုန်လုံးပဲ ၁၀၀%လောက်ကို အ၃ဝင်ပါတယ်...Nero 8 Trail Versionကိုလည်း Mediafireကနေ သီသန့်တင်ထားပေးပါတယ်...အဲကောင်ကို အရင်ဒေါင်းလုပ်ဆွဲပြီး ကီးဖိုင်တွေကိုပါ တစ်ခါတည်း ဒေါင်းထားလိုက်ပါ... Trail Versionကို အရင် Installလုပ်လိုက်ပါ...ပြီးရင် ကီးထည့်ဖို့အတွက် Start Menu>Nero>Nero8>Nero ControlCentreကိုဖွင့်ပြီး ကျတော်တင်ပေးထားတဲ့ကီးတွေထဲက တစ်ခုခုကို Addကနေတစ်ဆင့် ထည့်ပေးလိုက်ပါ... အောက်က ပုံစံမျိုးပါ>>>ကီးတချို့အရေးပေါ် လိုရင် အ၃ပြုနိုင်ဖို့ပါ...
1K22-0867-0795-66M4-5112-9648-674C
1K22-0867-0795-66M4-5817-2318-4532
1K22-0867-0795-66M4-5242-5185-4656
1K22-0867-0795-66M4-5478-0133-E7MC
1K22-0867-0795-66M4-5547-1474-3K45
1K22-0867-0795-66M4-5478-0711-6A64


Nero8 Trail Version 190.2Mb(Mediafire)>>>
Download Here
Nero8 လိုင်စင်ကီးများ 3.2Kb(Minus)>>>
Download Here
Minus Direct>>>
Download Here
Nero8 လိုင်စင်ကီးများ 3.2Kb(Mediafire)>>>
Download Here
ကျတော့် ဆိုက်ဘ်လေးသို့လည်း လာလည်ကြဖို့ ဖိတ်ခေါ်ပါရစေဗျာ>>>

                                                          အားလုံး စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ...